(ခ) ရည်ညွှန်းလုပ်ငန်း (Reference Service)

အမျိုးသားစာကြည့်တိုက်သည် စာကြည့်တိုက်တွင်စုဆောင်းထိန်းသိမ်းထားသော စာပေအမွေအနှစ်များဖြင့် ရည်ညွှန်းလုပ်ငန်းကို အဓိကဆောင်ရွက်သည့်အားလျော်စွာ စာအုပ်စာတမ်းများကို စာဖတ်ခန်းအတွင်း၌သာဖတ်ရှုခွင့်ပြုပြီးစာဖတ်သူများမှလူကိုယ်တိုင်လာရောက်၍ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ သိလို၍မေးမြန်းလာသော မေးခွန်းများကိုလည်း ပြန်လည်ဖြေကြား ဝန်ဆောင်မှု ပြုပါသည်။ အဖွဲ့အစည်းများ၊အစိုးရဌာနများ၊ ဌာနအကြီးအကဲများမှ သိလိုသောအချက်များကိုရည်ညွှန်းချက်နှင့့်တကွ ဖြေကြားပေးပါသည်။ ထို့ပြင် စာဖတ်သူဖတ်လိုသော အချက်အလက်များကို ရည်ညွှန်းကိုးကား အသုံးပြုနိုင်သည့် အသင့်သုံးရည်ညွှန်းစာအုပ်များ၊ ပြည်တွင်းပြည်မှထုတ်ဝေသော မြန်မာနိုင်ငံအကြောင်းစာစုများ၊ သမိုင်း၊ ယဉ်ကျေးမှုနှင့် စာပေဆိုင်ရာ မဟာဝိဇ္ဇာကျမ်းများနှင့် ဒီပလိုမာဘွဲ့ယူစာတမ်းများ၊ မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ်မှ ထုတ်ဝေသောစာစုများ၊ ယဉ်ကျေးမှုစာစောင်၊ မြန်မာနိုင်ငံပြန်တမ်း၊ တပ်မတော်သမိုင်း၊ ဥပ​ဒေနှင့်အမိန့်များစသည့် ရည်ညွှန်းကိုးကားအသုံးပြုနိုင်မည့် အထောက်အထားများအား အသုံးပြု၍ ကူညီရှာဖွေပေးခြင်းဖြင့် စာကြည့်တိုက်အသုံးပြုသူများ စိတ်ကျေနပ်မှုရရှိစေရန် ဆောင်ရွက်ပေးပါသည်။